Volunteer

Volunteer With Us

Tech of Tomorrows welcomes volunteers who share our commitment to inclusive technology and digital access for all. We believe that everyone has valuable skills to contribute, including persons with disabilities.

Why Volunteer With Tech of Tomorrows

Volunteering with us allows you to:

  • Support digital inclusion and accessibility initiatives
  • Contribute your skills to meaningful social impact
  • Work with an organization committed to equality and inclusion
  • Help bridge the digital divide in Myanmar

Who Can Volunteer

We welcome:

  • Persons with and without disabilities
  • Students and professionals
  • Technology practitioners and non-technical supporters
  • Local and international volunteers

Available Volunteer Roles

Volunteer opportunities may include:

  • Digital skills training support
  • Accessibility and inclusion support
  • Content writing and documentation
  • Research and community outreach
  • Technical assistance and mentoring

(Roles are matched based on your interests, skills, and availability.)

Accessibility and Inclusion

We are committed to creating a respectful and accessible environment for all volunteers. Reasonable accommodations can be discussed and arranged where possible.

How to Volunteer

If you are interested in volunteering with us, please fill out our online application form using the link below:

Click here to Fill out the Volunteer Application Form

Thank You

Thank you for your interest in supporting inclusive technology and social good.

ကျွန်ုပ်တို့နှင့်အတူ စေတနာ့ဝန်ထမ်းအဖြစ် ပူးပေါင်းပါ

Tech of Tomorrows သည် လူတိုင်း နည်းပညာကို လက်လှမ်းမီစေရန်နှင့် ခွဲခြားမှုမရှိ ပါဝင်နိုင်စေရန် ကျွန်ုပ်တို့၏ ရည်မှန်းချက်များကို ဝေမျှလက်ခံသူ မည်သူ့ကိုမဆို စေတနာ့ဝန်ထမ်းအဖြစ် ကြိုဆိုလျက်ရှိပါသည်။ မသန်စွမ်းသူများအပါအဝင် လူတိုင်းတွင် မိမိတို့ တတ်စွမ်းသမျှ အဖိုးတန်သော ကျွမ်းကျင်မှုများ ကိုယ်စီရှိကြသည်ဟု ကျွန်ုပ်တို့ ယုံကြည်ပါသည်။

အဘယ်ကြောင့် စေတနာ့ဝန်ထမ်း လုပ်သင့်သနည်း

ကျွန်ုပ်တို့နှင့်အတူ ပူးပေါင်းခြင်းဖြင့် အောက်ပါအခွင့်အလမ်းများကို ရရှိနိုင်ပါသည် -

  • ဒစ်ဂျစ်တယ်နည်းပညာတွင် လူတိုင်းပါဝင်လာနိုင်ရေးနှင့် လက်လှမ်းမီရေး လုပ်ငန်းစဉ်များကို ပံ့ပိုးပေးနိုင်ခြင်း။
  • မိမိ၏ ကျွမ်းကျင်မှုများဖြင့် လူမှုအသိုင်းအဝိုင်းအတွက် အဓိပ္ပာယ်ရှိသော အကျိုးသက်ရောက်မှုများ ဖန်တီးနိုင်ခြင်း။
  • တန်းတူညီမျှမှုနှင့် အားလုံးပါဝင်နိုင်မှုကို အလေးထားသော အဖွဲ့အစည်းတစ်ခုနှင့်အတူ လက်တွဲလုပ်ဆောင်နိုင်ခြင်း။
  • မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်နည်းပညာ အခွင့်အလမ်းကွာဟမှုကို လျှော့ချရာတွင် ကူညီပေးနိုင်ခြင်း။

မည်သူမဆို ပါဝင်နိုင်ပါသည်

အောက်ပါအချက်များနှင့် ကိုက်ညီသူများအားလုံးကို ကျွန်ုပ်တို့ ကြိုဆိုပါသည် -

  • မသန်စွမ်းသူများနှင့် မသန်စွမ်းမဟုတ်သူများ။
  • ကျောင်းသားလူငယ်များနှင့် ကျွမ်းကျင်ပညာရှင်များ။
  • နည်းပညာရှင်များနှင့် နည်းပညာပိုင်းမဟုတ်ဘဲ အခြားကဏ္ဍမှ ကူညီလိုသူများ။
  • ပြည်တွင်းပြည်ပရှိ စေတနာ့ဝန်ထမ်းများ။

စေတနာ့ဝန်ထမ်းအဖြစ် ဆောင်ရွက်နိုင်မည့် ကဏ္ဍများ

အောက်ပါနယ်ပယ်များတွင် ပါဝင်ကူညီနိုင်ပါသည် -

  • ဒစ်ဂျစ်တယ် ကျွမ်းကျင်မှု သင်တန်းများတွင် ကူညီပေးခြင်း။
  • နည်းပညာလက်လှမ်းမီမှုနှင့် အားလုံးပါဝင်နိုင်ရေးဆိုင်ရာ လုပ်ငန်းစဉ်များတွင် ကူညီပေးခြင်း။
  • စာမူရေးသားခြင်းနှင့် မှတ်တမ်းပြုစုခြင်း။
  • သုတေသနပြုခြင်းနှင့် လူမှုအသိုင်းအဝိုင်းအတွင်း ကွင်းဆင်းဆောင်ရွက်ခြင်း။
  • နည်းပညာပိုင်းဆိုင်ရာ ပံ့ပိုးမှုနှင့် လမ်းညွှန်ပြသပေးခြင်း။

(မိမိ၏ စိတ်ပါဝင်စားမှု၊ ကျွမ်းကျင်မှုနှင့် အားလပ်ချိန်ပေါ်မူတည်၍ သင့်လျော်သော ကဏ္ဍကို ရွေးချယ်နိုင်ပါသည်။)

လက်လှမ်းမီမှုနှင့် အားလုံးပါဝင်နိုင်ရေး

ကျွန်ုပ်တို့သည် စေတနာ့ဝန်ထမ်းအားလုံးအတွက် အပြန်အလှန် လေးစားမှုရှိပြီး အဆင်ပြေချောမွေ့စွာ ပါဝင်နိုင်မည့် ပတ်ဝန်းကျင်တစ်ခုဖြစ်စေရန် အလေးထားဆောင်ရွက်ပါသည်။ လုပ်ငန်းခွင်အတွင်း လိုအပ်သော အထူးပံ့ပိုးမှုများ (Accommodations) အတွက်လည်း ဖြစ်နိုင်ခြေအပေါ် မူတည်၍ ကြိုတင်ညှိနှိုင်းစီစဉ်ပေးသွားမည် ဖြစ်ပါသည်။

စေတနာ့ဝန်ထမ်း လျှောက်ထားရန်

ကျွန်ုပ်တို့နှင့်အတူ ပူးပေါင်းလုပ်ဆောင်ရန် စိတ်ပါဝင်စားပါက အောက်ပါလင့်ခ်မှတစ်ဆင့် စေတနာ့ဝန်ထမ်း လျှောက်လွှာဖောင်ကို ဖြည့်စွက်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

စေတနာ့ဝန်ထမ်း လျှောက်လွှာဖောင် ဖြည့်သွင်းရန် ဤနေရာကို နှိပ်ပါ။

ကျေးဇူးတင်လွှာ

နည်းပညာကို လူတိုင်းလက်လှမ်းမီစေရန်နှင့် လူမှုအကျိုးပြုလုပ်ငန်းများတွင် ပါဝင်ရန် စိတ်ပါဝင်စားမှုအတွက် ကျေးဇူးတင်ရှိပါသည်။

Tech of Tomorrows (ToT): Toward an Inclusive Digital Future

We are pleased to announce the official launch of "Tech of Tomorrows (ToT)," established in December 2025. As we move forward int...