Donate

Support Our Work

Tech of Tomorrows is a nonprofit organization registered in Myanmar.

Your support helps us make technology accessible, inclusive, and empowering for everyone.

Why Your Support Matters

Donations help us to:

  • Provide digital skills training for underserved communities
  • Support persons with disabilities through accessible technology
  • Reduce the digital divide affecting women, young people, and older persons
  • Develop inclusive technology and innovation projects in Myanmar

Every contribution, large or small, directly supports our mission and programs.

Our Commitment to Transparency

All income and resources are used solely to advance our mission.

No profits are distributed to members or directors.

How to Donate

At this time, we are accepting support through direct arrangements.

If you would like to:

  • Make a donation
  • Discuss institutional or partnership support
  • Support a specific project

Please contact us using the details below.

Contact for Donations

Email: director@techoftomorrows.org

We will respond with available donation options and further information.

Thank You

Thank you for supporting inclusive technology and digital access for all.

ကျွန်ုပ်တို့၏ လုပ်ငန်းစဉ်များကို ကူညီပံ့ပိုးပေးပါ

Tech of Tomorrows သည် မြန်မာနိုင်ငံတွင် မှတ်ပုံတင်ထားသော အကျိုးအမြတ်မယူသည့် အဖွဲ့အစည်းတစ်ခု ဖြစ်ပါသည်။ လူတိုင်း နည်းပညာကို လက်လှမ်းမီစေရန်၊ ခွဲခြားမှုမရှိ ပါဝင်နိုင်စေရန်နှင့် နည်းပညာဖြင့် လူမှုဘဝမြှင့်တင်ပေးနိုင်ရန်အတွက် သင်၏ ပံ့ပိုးကူညီမှုများက ကျွန်ုပ်တို့ကို အထောက်အကူပြုစေပါသည်။

သင်၏ ပံ့ပိုးမှုက အဘယ်ကြောင့် အရေးကြီးသနည်း

သင်၏ လှူဒါန်းမှုများသည် ကျွန်ုပ်တို့အား အောက်ပါလုပ်ငန်းစဉ်များတွင် ကူညီပေးပါသည် -

  • အခွင့်အလမ်းနည်းပါးသော လူ့အဖွဲ့အစည်းများအတွက် ဒစ်ဂျစ်တယ် ကျွမ်းကျင်မှု သင်တန်းများ ပေးနိုင်ရန်။
  • လူတိုင်းလက်လှမ်းမီနိုင်သော နည်းပညာများမှတစ်ဆင့် မသန်စွမ်းသူများကို ပံ့ပိုးကူညီပေးနိုင်ရန်။
  • အမျိုးသမီးများ၊ လူငယ်များနှင့် သက်ကြီးရွယ်အိုများအကြား ကြုံတွေ့နေရသည့် ဒစ်ဂျစ်တယ်နည်းပညာ အခွင့်အလမ်းကွာဟမှုကို လျှော့ချပေးနိုင်ရန်။
  • မြန်မာနိုင်ငံတွင် လူတိုင်းပါဝင်နိုင်သော နည်းပညာနှင့် ဆန်းသစ်တီထွင်မှု စီမံကိန်းများကို ဖော်ဆောင်နိုင်ရန်။

သင်၏ ပံ့ပိုးမှုသည် ပမာဏနည်းသည်ဖြစ်စေ၊ များသည်ဖြစ်စေ ကျွန်ုပ်တို့၏ လုပ်ငန်းတာဝန်များနှင့် စီမံချက်များအတွက် တိုက်ရိုက် အကျိုးပြုပါသည်။

ပွင့်လင်းမြင်သာမှုရှိစေရန် ကျွန်ုပ်တို့၏ ကတိကဝတ်

ရရှိလာသော ဝင်ငွေနှင့် အရင်းအမြစ်အားလုံးကို အဖွဲ့အစည်း၏ လုပ်ငန်းတာဝန်များ တိုးတက်အောင်မြင်စေရန်အတွက်သာ အသုံးပြုပါသည်။ အဖွဲ့ဝင်များ သို့မဟုတ် ဒါရိုက်တာများထံသို့ မည်သည့်အကျိုးအမြတ်ကိုမျှ ခွဲဝေပေးခြင်း မရှိပါ။

လှူဒါန်းနိုင်မည့် နည်းလမ်းများ

လက်ရှိတွင် ကျွန်ုပ်တို့သည် တိုက်ရိုက်ဆက်သွယ် ညှိနှိုင်းမှုများမှတစ်ဆင့် ပံ့ပိုးကူညီမှုများကို လက်ခံလျက်ရှိပါသည်။

သင့်အနေဖြင့် -

  • အလှူငွေ ထည့်ဝင်လိုပါက၊
  • အဖွဲ့အစည်းအလိုက် သို့မဟုတ် မိတ်ဖက်အဖြစ် ပူးပေါင်းကူညီရန် ဆွေးနွေးလိုပါက၊
  • သတ်မှတ်ထားသော စီမံကိန်းတစ်ခုခုအတွက် ထောက်ပံ့ပေးလိုပါက၊

အောက်ပါအချက်အလက်များမှတစ်ဆင့် ကျွန်ုပ်တို့ကို ဆက်သွယ်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

အလှူငွေအတွက် ဆက်သွယ်ရန်

အီးမေးလ် - director@techoftomorrows.org

ကျွန်ုပ်တို့ဘက်မှ လှူဒါန်းနိုင်မည့် နည်းလမ်းများနှင့် အသေးစိတ် အချက်အလက်များကို ပြန်လည်ဖြေကြားပေးသွားမည် ဖြစ်ပါသည်။

ကျေးဇူးတင်လွှာ

နည်းပညာကို လူတိုင်းလက်လှမ်းမီနိုင်စေရန်နှင့် ခွဲခြားမှုမရှိ ပါဝင်နိုင်စေရန်အတွက် ပံ့ပိုးကူညီပေးမှုအတွက် ကျေးဇူးတင်ရှိပါသည်။

Tech of Tomorrows (ToT): Toward an Inclusive Digital Future

We are pleased to announce the official launch of "Tech of Tomorrows (ToT)," established in December 2025. As we move forward int...